ဥရောပသမဂ္ဂနှင့် ဆွီဒင်နိုင်ငံတို့၏ ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ENPARD IV စီမံကိန်းအောက်တွင် ဂျော်ဂျီယာနိုင်ငံရှိ နို့စားနွားမွေးမြူသည့် အသေးစားလယ်သမားအမျိုးသမီးများအား ၎င်းတို့ၑ ထုတ်ကုန်များ၏ အစားအစာဘေးကင်းရေးကို မြှင့်တင်နိုင်ရန် အသိပညာနှင့် အညီအမျှထောက်ပံ့ငွေများ ပေးအပ်လျက် ပံ့ပိုးကူညီလျက်ရှိသည်။ ထိုအမျိုးသမီးများထဲမှ ထောင်နှင့်ချီသော သူများသည် တိရစ္ဆာန်ကျန်းမာရေး၊ ဘေးကင်းသော ထုတ်လုပ်မှု၊ ကောင်းမွန်သည့် ကုသရေးဆိုင်ရာ ကျင့်သုံးမှုများအပါအဝင် အကြောင်းအရာများစွာကို နားလည်သိရှိစေရန် FAO ၏ လယ်သမားများအတွက် လယ်ကွင်းသင်တန်းကျောင်းများတွင် ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့အပြင် နို့စားနွားမွေးမြူသည့် အမျိုးသမီးများထဲမှ ရာနှင့်ချီသော သူများသည် ပိုမိုထိရောက်ကောင်းမွန်ပြီး အစားအစာဘေးကင်းရေးအတွက် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန် စက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် အညီအမျှထောက်ပံ့ငွေများ ရရှိခဲ့ကြသည်။
https://youtu.be/pFWa2iwaRig
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ