no-style

အေဇိုလာ (Azolla) နဲ့ ဖွဲနု ရောစပ်ပြီး ယင်မဲသားလောင်းတွေကို အကျိုးရှိရှိ ကျွေးမွေးကြမယ်

မင်္ဂလာပါဗျာ။

👋 ဒီကနေ့မှာတော့ တောင်သူကြီးတွေအတွက် အသုံးဝင်မယ့်၊ ကုန်ကျစရိတ်သက်သာပြီး အာဟာရပြည့်ဝတဲ့ တိရစ္ဆာန်အစာဖော်စပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ဒီဗီဒီယိုထဲမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အဇိုလာ (Azolla) နဲ့ ဖွဲနု တို့ကို ဘယ်လိုအချိုးကျကျ ရောစပ်ပြီး ရင်မဲသားလောင်း (BSF Larvae) တွေအတွက် အစာအဖြစ် အကောင်းဆုံး ပြင်ဆင်ကျွေးမွေးရတယ်ဆိုတာကို လက်တွေ့ပြသပေးထားပါတယ်။

💡 ပြုလုပ်ပုံ အဆင့်ဆင့်:

ပထမဦးဆုံး ကန်ထဲကနေ ဆယ်ယူထားတဲ့ အဇိုလာတွေကို သန့်စင်ပြီး ဗန်းထဲထည့်ပါ။
ထို့နောက် ဖွဲနုကို အဇိုလာပေါ်သို့ လိုအပ်သလို ဖြူးထည့်ပါ။
အဇိုလာနဲ့ ဖွဲနုတို့ သမပြီး နူးညံ့သွားသည်အထိ သေချာ ရောစပ်နယ်ပေးပါ။
ရလာတဲ့ အစာကို ယင်မဲသားလောင်းတွေကို ကျွေးမွေးလို့ရပါပြီ။
ယင်မဲသားလောင်းများကို ကြက်၊ ဝက်၊ ငါးစာစပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ဒေသထွက်ကုန်ပစ္စည်းတွေနဲ့ ကိုယ်တိုင်လွယ်လွယ်ကူကူ ဖော်စပ်နိုင်တာမို့ တောင်သူကြီးများ စမ်းသပ်လုပ်ကိုင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ 🐷🐔

———

မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

#AGRICULTURE
Previous Post Next Post