နှစ်စဉ် စက်တင်ဘာလ (၁၀) ရက်နေ့ဟာ "ကမ္ဘာ့ မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ကာကွယ်ရေးနေ့" (World Suicide Prevention Day) ပါ။ ၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်တဲ့ “မိမိကိုယ်ကို သေကြောင်းကြံစည်မှုအပေါ် အမြင်ပြောင်းလဲခြင်း” ဆိုတာနဲ့အညီ လိုက်ပါပြောင်းလဲနိုင်ဖို့အတွက် ဒီဗီဒီယိုလေးကို အချိန်ကိုက် လေ့လာကြည့်လိုက်ကြရအောင်ပါ။ 
လူတစ်ယောက်ကို ကူညီတယ်ဆိုတာ "ငွေရေးကြေးရေး" နဲ့မှ မဟုတ်ပါဘူး။ စိတ်ညစ်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့ တစ်ဖက်လူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ သေချာနားထောင်ပေးတာကလည်း အသက်တစ်ချောင်းကို ကယ်တင်နိုင်တဲ့ အထိရောက်ဆုံး ကူညီမှုတစ်ခုပါ။
အခုဗီဒီယိုမှာတော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းနဲ့ပတ်သက်ပြီး လူအများစု လက်ခံထားကြတဲ့ အယူအဆအမှားတွေကို ချေဖျက်ပေးသွားမှာဖြစ်သလို၊ ဘေးနားကလူတွေကို ထိထိရောက်ရောက် ဖေးမကူညီပေးနိုင်မယ့် "အဆင့် (၃) ဆင့်" ကိုပါ သိရမှာပါ။ 
ဒီဗီဒီယိုမှာ ဘာတွေပါမလဲ
• ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းအပေါ် အယူအဆအမှားများ 
• ငွေထက်အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု 
• လူတစ်ယောက်ကို ကူညီနိုင်မယ့် လက်တွေ့ကျကျ အဆင့် (၃) ဆင့် 
ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်က ချစ်ရသူတွေကို အတူတူ စောင့်ရှောက်ပေးလိုက်ကြရအောင်ပါ။ 

ဒီဗီဒီယိုလေးက အကျိုးရှိတယ်ဆိုရင် အခြားသူတွေဆီပါ မျှဝေပေးဖို့လည်း မမေ့ပါနဲ့။ 
#mentalhealth #SuicidePrevention #Psychology #နားထောင်ပေးခြင်း #စိတ်ကျန်းမာရေး #ListenWithCompassion #CareForOthers #WSPD #ChangingTheNarrativeOnSuicide
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
#AGRICULTURE