no-style

✨ “ရောဂါဘယကင်းဝေးဖို့ စနစ်တကျလက်ဆေးကြစို့” _ WASH အပိုင်း (၁)

"WASH" ဆိုတာ ဘာလဲ
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေကုန်ကြေးကျများတဲ့ ဆေးဝါးတွေထက် "အခြေခံအကျဆုံး အလေ့အကျင့်ကောင်းတွေ"က ပိုလို့အရေးပါပါတယ်။ ဒါကို ‘WASH’ လို့ အတိုကောက်ခေါ်ကြပါတယ်။

‘WASH’ အရ..
W (Water) သောက်ရေသုံးရေ သန့်ရှင်းရမယ်
S (Sanitation) စနစ်ကျတဲ့အိမ်သာနဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုရှိရမယ်
H (Hygiene) လက်ဆေးတာကစလို့ တစ်ကိုယ်ရေသန့်ရှင်းရမယ်

ဒီအချက် (၃) ချက်ဟာ ရိုးရှင်းပေမဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကနေ မိသားစုကိုကာကွယ်ပေးနိုင်တဲ့ "အကောင်းဆုံးတံတိုင်း"တွေပါ။

အခုစီးရီးမှာတော့ ‘WASH’ ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ "လက်ဆေးခြင်း" ကနေစလို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအထိ အပိုင်း (၅) ပိုင်းနဲ့ အသေးစိတ် တင်ဆက်သွားပါမယ်။

Image Credit: UNICEF
___
‘WASH’ အပိုင်း (၁)
ဒီနေ့ကစလို့ ရောဂါဘယကင်းဝေးဖို့ စနစ်တကျ ဘယ်လိုလက်ဆေးမလဲဆိုတာ အတူတူ လေ့လာကြည့်ကြရအောင်ပါ။ စနစ်တကျလက်ဆေးတဲ့အလေ့အထနဲ့အတူ ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးကို စောင့်ရှောက်လိုက်ကြရအောင်ပါ။ #wash #လက်ဆေးခြင်း

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #AGRICULTURE ⦿ Sat, 28 Feb 2026 21:02:08 +0000
أحدث أقدم